Health

DIARRHEA Solutions

ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏသွားခြင်းကို ခေါ်ပါတယ်။ ကလေးတွေက လူကြီးတွေထက် တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းသောကြောင့် ၀မ်းပျက်ခြင်းကို ပိုဖြစ်စေပါသည်။
ဝမ်းသွားနေပြီရင် ဝမ်းကိုက်တာလား၊ ဝမ်းလျှောတာလား ဆိုတာသတိထားရပါမယ်။
ဝမ်းလျှောတာက ဗိုက်နာခြင်းမရှိဘဲ ဝမ်းအရည်တွေ ပမာဏများများသွားခြင်း ဖြစ်ပြီး ဝမ်းကိုက်တာက နည်းနည်းစီကို ခဏခဏသွားခြင်း ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အစားအစာကိုသေချာရွေးပြီး စားပေးဖို့လဲလိုအပ်ပါ တယ်။
စားသင့်တဲ့အစားအစာများကတော့
🍴 ဆန်ပြုတ်
🍴 ထမင်းဖြူ
🍴 ပေါင်မုန့်ဖြူ၊ ပေါင်မုန့်မီးကင်
🍴 ခရက်ကာနှင့်
🍴 အာဟာရရှိပြီး ကျန်းမာရေးနှင့်ညီညွှတ်တဲ့ ကြက်စွပ်ပြုတ် နှင့် ဂျင်းပြုတ်ရေပူပူလေးတို့ကို သောက်ပေးလို့ရပါတယ်။
ဝမ်းလျှောနေချိန်မှာ ရှောင်သင့်တဲ့အစားအစာများကတော့
🙅‍♀️ ချဉ်လွန်းတဲ့ အစားအစာများ
🙅‍♀️ အပူအစပ်နဲ့ ဆီများတဲ့အစားအစာများ
🙅‍♀️ တာရှည်ခံအစားအစာများ
🙅‍♀️ နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်သင့်ပါတယ်။
🙅‍♀️ အချိုရည်နှင့် ဖျော်ရည်များ
🙅‍♀️ ကဖင်းဓါတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည် နှင့် အရက်တွေလည်းမသောက်သင့်ပါဘူး။
ဝေဒနာ သက်သာဖို့ဆိုရင်
– ရေဓါတ်မခမ်းခြောက်စေဖို့ ရေများများသောက်ပေးပါ။
– အိပ်ချိန်ပြည့်ဝစွာ အိပ်ပါ။
– အားကစားလုပ်တာတွေ နားပေးပါ။
– အိမ်မှာကောင်းစွာအနားယူပေးပါ။
– ဓါတ်ဆားသောက်ပေးပါ။
ဓါတ်ဆားထုပ်ကို ဆရာဝန်ညွှန်ကြားချက်မပါပဲ ဆေးဆိုင်တွေမှာ ဝယ်ယူပြီး သောက်နိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်အောင် အူလမ်းကြောင်းကျန်းမာနေဖို့လိုအပ်ပါတယ်။ အဲ့လို ကျန်းမာဖို့ဆိုရင် Normal Flora များစေနိုင်သော Protbiotics ပါသော အစာများကို စားပေးရပါမယ်။

Packages

Mauris torquent mi eget et amet phasellus eget ad ullamcorper mi a fermentum vel a a nunc consectetur enim rutrum. Aliquam vestibulum nulla condimentum platea accumsan sed mi montes adipiscing eu bibendum ante adipiscing gravida per consequat gravida tristique litora nisi condimentum lobortis elementum. Ullamcorper ante fermentum massa a dolor gravida parturient id a adipiscing neque rhoncus quisque a ullamcorper tempor.Consectetur scelerisque ullamcorper arcu est suspendisse eu rhoncus nibh.