Health

OMEGA 3

မှတ်မိကြမလားမသိ.. ငါးကြီးဆီခေါ်တဲ့ ဂျယ်လီလိုအကြည်လုံးလေးတွေ ငယ်ငယ်က အမေတိုက်လို့သောက်ရဖူးတယ်.. ဘာကြောင့်ရယ်သာမသိခဲ့တာ!

အခုကျ ကိုဗစ်ကျေးဇူးနဲ့ Omega 3 လိုအပ်ချက်ရှိလာတော့ ငယ်ငယ်က သိချင်တာလေးက တခန်းပြန်ပေါ်လာတယ်လေ

လွယ်လွယ်ခေါ်ကြတဲ့ ငါးကြီးဆီက Salmon, Tuna, Anchovies, Mackerel, Herring, Sardines, Lake Trout လိုငါးတွေကနေ ထုတ်ထားတာလေးပါ… ကျန်းမာသက်ရှည်ဖို့ ငါးစားပါဆိုပေမယ့်…

နေတိုင်းစားဖို့ဆိုတာ မဖြစ်နိုင်တာမို့ Omega 3 (ငါးကြီးဆီ)ကို မှီဝဲကြတာပါ..

ငါးကနေထုတ်ယူရရှိတဲ့ EPA, DHA အမျိုးအစား ရှိသလို ALA လို အပင်ကနေလည်း ထုတ်ယူရရှိနိုင်ပါတယ်.. ဒါပေမယ့် ငါးကနေထုတ်ထားတာက ကျန်းမာရေးအတွက် ပိုအကျိုးပြုတာမို့.. Omega 3 လို့ရှာပြီဆို ငါးကနေ ထုတ်ယူထားတာတွေ အများဆုံးတွေ့ရမှာပါ..  

Omega 3 ပုံမှန်မှီဝဲမယ်ဆို.. သွေးဖိအားကိုလျော့ကျစေတဲ့အတွက်  နှလုံးရောဂါနှင့်လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်။ ဦးနှောက်ကျန်းမာရေးကိုလည်း အကျိုးထူးစေပြီး စိတ်ကျရောဂါ (Depression) တွေ စိုးရိမ်ပူပန်မှု (Anxiety) ကိုပါ တိုက်ဖျက်ပေးနိုင်တယ်လေ..

ဒါတင်ပဲလားဆို.. သက်ကြီးရွယ်အိုတွေ မှတ်ဉာဏ် လျော့ကျမသွားအောင် အကူအညီပေးနိုင်တယ်တဲ့..

ငယ်စဉ်ကတည်းက ပုံမှန်သောက်သင့်တဲ့သဘော..

မျက်စိအတွက်လည်းကောင်းသလို …ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းကတည်း သောက်ပေးရင် ကလေးငယ်တွေ မွေးကင်းစကတည်းက ဦးနှောက်နှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အများကြီး အကျိုးရှိစေမယ် ….

ကင်ဆာရောဂါနှင့် အသည်းအဆီဖုံးရောဂါ (NAFLD) ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို … 

အရိုးနှင့်အဆစ် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ အအိပ်အစားကို မှန်စေပြီး အသားအရေအတွက်ပါ အရမ်းကောင်းပါတယ်တဲ့ ..

ဆက်ပြောမယ်ဆို အကျိုးထူးတွေက ကုန်မှာမဟုတ်.. Omega 3 က အကျိုးရှိတာမို့ အခုဆို တံဆိပ်မျိုးစုံ ပုံစံမျိုးစုံနဲ့ အပြိုင်အဆိုင်ဖြစ်နေကြပါပြီ…

မြန်မာနိုင်ငံစျေးကွက်မှာတင် Brand အစုံကို မြင်ရသလို Omega 3 တမျိုးတည်းမဟုတ်ဘဲ အခြားသော Vitamin တွေပါ ပေါင်းစပ်ထားတဲ့ Tablet လေးတွေအထိ ရှိလာနေပါပြီ… Vitamin E နဲ့တွဲလို့ အလှအပအတွက်ပါ ထုတ်လာကြပါပြီ

ကလေးငယ်တွေ ဂျယ်လီလေးလို ဝါးစားရတဲ့ Chewable Type လေးတွေပါ flavoured စုံနဲ့ ရလာတာဆိုတော့ ဆေးကြောက်တဲ့ကလေးတွေအတွက်ပါ အဆင်ပြေလာတာပါ…

အစားစားပြီးသောက်ရင် ခန္ဓာကိုယ်က စုပ်ယူနိုင်မှုအားကောင်းချိန်မို့ အထိရောက်ဆုံးပါ…

သတိပြုရမှာလေးတွေက …

​တခြားဆေးတွေ မှီဝဲရသူ…ကိုယ်ဝန်တားဆေး.. သွေးကျဆေး.. သွေးကျဲဆေးလိုမျိုး ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်ကို ကျိုးကြောင်းသေချာပြောပြပြီးမှ မှီဝဲတာမျိုး လုပ်စေလိုပါတယ်နော်…

ဆေးကိုဝယ်လာပြီး ဖြစ်သလို နေရောင်ခြည်ကျတဲ့နေရာထားတာမှာ မထားဖို့နဲ့ ဆေးကအနံ့ပြောင်းနေတာဆို ကပ်စေးနဲပြီး ပေတေမသောက်တော့ဖို့ အကြံပြုထားကြပါတယ်..

ဒီလောက်ဆို ကိုယ်သိထားသလိုလေး ပြန်မျှဝေပြီးပါပြီ… အကျိုးထူးတာမှန်ပေမယ့် ဆေးဝါးအာနိသင် ထိ​ရောက်ဖို့ …. ကြုံသလိုမဝယ်ဘဲ ကျွမ်းကျင်သူနဲ့တိုင်ပင်လို့ သေချာရွေးချယ်မှာယူပါနော်..

စိတ်ချရမယ့်နေရာဆို အမြဲမှာယူနေကြ .. “Sayy Sine Page” လေးမှာ တိုင်ပင်ဆွေးနွေး မှာယူနိုင်ပါတယ်နော်..

မြန်မာနိုင်ငံ FDA ရရှိထားပြီး စိတ်ချရသော ဆေးတွေကိုသာ ရောင်းချပေးတာဖြစ်ပြီး ..

ဘယ်လိုတွဲဖက်သောက်သုံးရမယ်ကအစ စေတနာထား လမ်းညွှန်ပေးတာပါ..

ဆေးဝါးဆိုင်ရာကျွမ်းကျင်သူများကိုယ်တိုင် ဖြေကြားပေးတာမို့ ..

Omega 3 မှာယူမယ်ဆို ..

” Sayy Sine” Page Messenger ( သို့မဟုတ် ) ဖုန်းလေး တချက်ဆက် ဝယ်ယူနိုင်တဲ့အပြင် Website ကတဆင့်ဝယ်ယူရင်လည်း အများဆုံး ၃၀၀၀ ကျပ်ထိ Discount ရမှာမို့ ခုပဲ order တင်လိုက်တော့နော် …

​Aww.. ဒါနဲ့ Omega 3 မှမဟုတ် .. တခြားဆေးလိုလည်း အကုန်ရှိပါတယ် ..

#Sayy_Sine

#Online_Pharmacy