Health

COLLAGEN

ဒီနေ့ခေတ်မှာ COLLAGEN ဟာ မိန်းကလေးတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပြီး အသားအရေ ထိန်းသိမ်းတဲ့ အခါမှ တခြားအရာတွေထက် ပိုနာမည်ကြီးလာတာကို အားလုံးသတိထားမိကြမှာပါ အဲ့တွက်ကြောင့် ဒီတပတ်မှာတော့ COLLAGEN အကြောင်းကို MEDICAL ဘက်ကရော BEAUTY ဘက်ကပါ ပြောပြပေးသွားမှာ ဖြစ်ပါတယ်

COLLAGEN ဆိုတာ GREEK ဘာသာစကားကလာတာဖြစ်ပြီး ကော်လို့ခေါ်တဲ့ “KOLLA”  နှင့် ထုတ်လုပ်ခြင်းလို့ခေါ်တဲ့ “GEN”  တို့ပေါင်းစပ်ထားတာဖြစ်ပါတယ် နှစ်ခုပေါင်းပြီး အဓိပ္ပာယ် ပြန်လိုက်မယ်ဆိုရင် ကော်နှင့်တူသော အရာများကို ထုတ်လုပ်ခြင်း လို့ ဆိုနိုင်ပါတယ် 

COLLAGEN ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ PROTEIN တမျိုးဖြစ်ပြီးတော့ PROTEIN အားလုံးရဲ့ 25 % – 35 % ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ် ‌ခန္ဓာကိုယ်အ‌‌ရေပြားရဲ့  ၇၅ ရာခိုင်နှုန်း က COLLAGEN တွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အတွက် COLLAGEN ကို  ‌ခန္ဓာကိုယ်မှာ အများအပြားတွေ့ရပါတယ် ဒါ့အပြင် COLLAGEN ဟာ CALCIUM , MAGNESIUM တို့လို MINERALS တွေနဲ့ ပေါင်းစပ်တဲ့ပေါ်မူတည်ပြီး အရိုး အရွတ် အရိုးနု ကြွက်သား, ..  စတာတွေ ဖြစ်ပေါ်လာကြပါတယ် 

COLLAGEN အမျိုးအစားပေါင်း ၂၈ မျိုးရှိသည့်အနက် TYPE I – IV  ကိုတော့ ခန္ဓာကိုယ်မှာ အများဆုံး တွေ့ရှိရပါတယ် COLLAGEN က ခန္ဓာကိုယ်တွက် ဘာတွေ အဓိက လုပ်ဆောင်ပေးလဲ ဆိုတော့ ….

  •  အ‌ရေပြားကို တင်းရင်း လှပ ကျန်းမာစေခြင်း ( TYPE 1 ) 
  • အ‌ရေပြားအသစ်ဖြစ်ခြင်းကို အားပေးခြင်း ( TYPE 1 ) 
  • အရိုး အဆစ် ကိုက်ခဲမှုကို သက်သာစေခြင်း ( TYPE 2 ) 
  • အရိုးပါးခြင်း အရိုးပွခြင်း ကို ကာကွယ်ပေးခြင်း ( TYPE 2 )
  • ကြွက်သားဖြစ်ခြင်းကို အားပေးခြင်း
  • နှလုံး ကျန်းမာရေးကို အားပေးခြင်း ( TYPE 3 ) 
  • အစာချေဖျက်စွမ်းကို မြန်စေသောကြောင့် ဝိတ်ကျစေခြင်း ( TYPE 2 )
  • ဦးနှောက် , လက်သည်း ဆံပင် နှင့် အူလမ်းကြောင်းကို အထောက်ပံ့ပေးခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ် 

COLLAGEN က အသက် ၂၅ ကျော်လာနှင့်အမျှ တနှစ်ကို ၁.၅ % နီးပါး ထုတ်လုပ်မှုကျဆင်းလာပါတယ် 

ဒါ့အပြင် အချိုအများကြီးစားတာ , နေရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့တာ , ဆေးလိပ်သောက်တာတွေကလည်း COLLAGEN ထုတ်လုပ်ခြင်းကို ကျဆင်းစေပါတယ် အဲ့လိုမျိုး ထုတ်လုပ်မှု လျှော့နည်းလာတဲ့အတွက် SUPPLEMENTS တွေနဲ့  ပြန်လည်ဖြည့်စွက်ဖို့လိုအပ်ပါတယ် 

COLLAGEN က မိန်းကလေးတွေပဲ သောက်ရတာ ‌ယောက်ျားလေးတွေမသောက်ရဘူးဆိုတာ အယူအဆအမှား တခုဖြစ်ပါတယ် COLLAGEN က အသက် ၂၅ နှစ်ကျော်လာတဲ့အခါ အကြောင်းအမျိုးကြောင့် ထုတ်လုပ်မှု ကျဆင်းတဲ့ အတွက်ကြောင့် COLLAGEN ဟာ ‌အသက် ၂၅  ကျော်တဲ့ သူတိုင်းတွက် ဖြည့်စွက်ဖို့လိုအပ်ပါတယ် အဆစ်အမြစ်နာတတ်သူဆိုရင် COLLAGEN TYPE 2 ကို သောက်သင့်ပြီး HAIR , SKIN, NAIL စတာတွေတွက်ဆို TYPE 1 COLLAGEN ကို သောက်ပေးသင့်ပါတယ် 

COLLAGEN SUPPLEMENT ကို ဈေးကွက်ထဲတွင်  အရည် , အမှုန့် , အခဲ အပြင် အခု JELLY အနေနဲ့ တွေ့မြင်နေရပါပြီ ဆေးမသောက်ချင်ဘူးဆိုရင်  ငါး , အနီရောင် အသား , အရိုးပြုတ်ရည် , မုန်လာဥနီ , BROCCOLI , ကြက်ဥ အကာ , ခရမ်းချဥ်သီး , CHESSE , BLUE BERRY , BLACKBERRY , ပဲနို့ , NUTS  … စတာတွေကို စားခြင်းဖြင့်  COLLAGEN ကို အစားအစာမှ တဆင့်လည်း ရရှိနိုင်ပါတယ် 

COLLAGEN ကို တနေ့ ၁ လုံး – ၂ လုံး OR စားပွဲတင်ဇွန်း ၁ ဇွန်း- ၂ ဇွန်း OR 2.5 – 15 GRAMS ထိ‌သာ သုံးစွဲသင့်ပါတယ် COLLAGEN ကို အဓိကအားဖြင့် ငါးမှ ထုတ်ထားတာဖြစ်တဲ့အတွက် SEAFOOD ALLERGY , FISH ALLERGY ရှိတဲ့သူတွေ သုံးစွဲဖို့ မသင့်တော်ပါဘူး အဲ့လို ALLERGY ရှိတဲ့သူတွေတွက်ဆိုရင် COLLAGEN ပါတဲ့ အသီးအနှံတွေကို များများစားပေးဖို့လိုအပ်ပါတယ် 

COLLAGEN ကို ဘယ်ချိန်တွေမှာသောက်ရမလဲ ဆိုတာ သတ်မှတ်ချက်တော့ မရှိပေမဲ့ COLLAGEN ဟာ ညဘက်မှ ထုတ်လုပ်နိုင်မှုပိုကောင်းတဲ့တွက် ညဘက် သောက်ရင်တော့ပိုကောင်းပါတယ် COLLAGEN က VITAMIN C နှင့် တွဲသောက်တဲ့အခါ ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းတဲ့အတွက် သိသာတဲ့ EFFECT ရစေမှာ ဖြစ်ပါတယ် 

လှချင်လွန်းလို့ဆိုပြီး  COLLAGEN တွေအများကြီး စားလို့လည်း မဖြစ်ဘူးနော် COLLAGEN တွေ ပုံမှန်ထက် အများကြီး စားမိရင် ရင်ပူတာတွေ အစာမကြေ ရင်ပြည့်ရင်ကယ် စတာတွေ ဖြစ်နိုင်ပါတယ် COLLAGEN ပုံမှန်ထက်နည်းရင်ရော ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတော့ အသားအရည် မွဲခြောက်လာမယ် အရွယ်မတိုင်မှီ  အိုမင်းရင့်ရော်လာမယ် အဆစ်အမြစ်တွေနာမယ် စတဲ့ အရိုးနှင့် အသားအရည်နှင့် ပတ်သတ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်  

ဒီလောက်ဆို ကိုယ်သိထားသလိုလေး ပြန်မျှဝေပြီးပါပြီ… အကျိုးထူးတာမှန်ပေမယ့် ဆေးဝါးအာနိသင် ထိ​ရောက်ဖို့ …. ကြုံသလိုမဝယ်ဘဲ ကျွမ်းကျင်သူနဲ့တိုင်ပင်လို့ သေချာရွေးချယ်မှာယူပါနော်..

စိတ်ချရမယ့်နေရာဆို အမြဲမှာယူနေကြ .. “Sayy Sine Page” လေးမှာ တိုင်ပင်ဆွေးနွေး မှာယူနိုင်ပါတယ်နော်..

မြန်မာနိုင်ငံ FDA ရရှိထားပြီး စိတ်ချရသော ဆေးတွေကိုသာ ရောင်းချပေးတာဖြစ်ပြီး ..

” Sayy Sine” Page Messenger ( သို့မဟုတ် ) ဖုန်းလေး တချက်ဆက် ဝယ်ယူနိုင်တဲ့အပြင် Website ကတဆင့်ဝယ်ယူရင်လည်း အများဆုံး ၃၀၀၀ ကျပ်ထိ Discount ရမှာမို့ ခုပဲ order တင်လိုက်တော့နော် ..

​Aww.. ဒါနဲ့ COLLAGEN မှမဟုတ် .. တခြားဆေးလိုလည်း အကုန်ရှိပါတယ် ..

#Sayy_Sine

#ONLINE_PHARMACY