ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ VITAMIN E အကြောင်းလေးပြောပြချင်ပါတယ်။ VITAMIN E ဆိုတာကအဆီတွင်ပျော်ဝင်လွယ်တဲ့ ဗီတာမင်တစ်မျိုးပါ။Vitamin E ဆိုတာ antioxidant တစ်မျိုးဖြစ်ပါတယ်။ Antioxidant ဆိုတာဘာလဲဆိုတော့
- ခရမ်းလွန်ရောင်ခြည်၊
- လေထုညစ်ညမ်းမှု၊
- စီးကရက်၊အရက်သောက်ခြင်း၊
- အသက်အရွက်ကြီးရင့်လာတွေကြောင့် ဆဲလ်တွေပျက်စီးလာပါတယ်။
ဆဲလ်တွေပျက်စီးလာတာကြောင့်
- အသားအရေတွေကြမ်းတမ်းမွဲခြောက်ခြင်း
- ဆံပင်များကျွတ်ခြင်း
- ခြေသည်းလက်သည်းတွေပျက်စီးခြင်းများဖြစ်ပေါ်တတ်ပြီး
- နှလုံးရောဂါ
- ကင်ဆာရောဂါများထိဖြစ်လာစေနိုင်ပါတယ်။
အဲ့လိုဆဲလ်ပျက်စီးမှုများကိုကာကွယ်နိုင်တဲ့ Antioxidant action က Vitamin E မှာပါဝင်ပါတယ်။ Vitamin E ကိုနေ့စဥ်စားသုံးနေတဲ့အစားအစာမှလဲရရှိနိုင်ပါတယ်။
Vitamin E ပါဝင်တဲ့အစားအစာများကတော့
- ထောပတ်သီး၊ ကီဝီသီး၊
- နေကြာဆီ၊
- ဂျုံ၊ ကြက်ဥ၊
- ပန်းပွင့်စိမ်း၊
- အစေ့အဆံ တို့ဘဲဖြစ်ပါတယ်။
အစားအစာအပြင် Vitamin E ကို ဆေးအနေနဲ့ေသာက်သုံးလို့ရတဲ့အပြင် Lotion, cream အနေနဲ့လဲသုံးပေးလို့ရပါတယ်ရှင့်။
Vitamin E ကိုသောက်ခြင်းအားဖြင့်
နှလုံးရောဂါ၊ သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။
အသက်ကြီးလာရင်ဖြစ်တဲ့ကြွက်သားနာကျင် ရောင်ရမ်းခြင်းကိုကာကွယ်တဲ့အပြင် အိုမင်းရင့်ရော်မှုကိုလဲကာကွယ်နိုင်ပါတယ်။
အမြင်အာရုံဝေဝါးခြင်း၊
ဝက်ခြံဖြစ်ခြင်း ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်များကိုလဲသက်သာစေနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်း ခြေသည်းလက်သည်းပျက်စီးခြင်းကိုလဲလျှော့ချပေးနိုင်ပါတယ်။
နေလောင်တာကြောင့်ဖြစ်တဲ့အသားအရေမွဲခြောက်တာကိုလဲသက်သာစေနိုင်ပါတယ်ရှင့်။
ဒ့ါအပြင် မိန်းကလေးများ ဓမ္မတာကြောင့်ဖြစ်တဲ့ဝေဒနာများကိုလဲသက်သာစေနိုင်ပါတယ်ရှင့်။
Vitamin E ဟာ ကလေးလိုချင်တဲ့သူများအတွက်လဲကောင်းကျိုးများရှိပါတယ်ရှ့င်။ အမျိုးသမီးတွေမှာ သားဥကိုကြွေစေပြီးသားအိမ်နရံကိုထူစေပါတယ် အမျိုးသားတွေမှာဆို သုက်ပိုးပျက်စီးမှုနည်ပါး စေပါတယ်။
Vitamin E က fat soluble vitamin ဖြစ်တာကြောင့် သောက်သုံးလိုက်တဲ့ vitamin တွေကိုလိုအပ်သလောက်အသုံးပြုပြီးပိုလျှံတဲ့ vitamin တွေကိုခန္ဓာကိုယ်ကသိမ်းပေးထားပါတယ်။ ဒါကြောင့် Vitamin E ကိုလိုအပ်တာထပ်ပိုမသောက်သုံးသင့်ပါဘူးရှင့်။လိုတာထပ်ပိုသောက်သုံးပါက ခေါင်းကိုက်တာ ၀မ်းလျှောတာ ဦးနှောက်သွေးယိုတာတွေထိဖြစ်နိုင်ပါတယ်။
တစ်နေ့ကို Vitamin E 400IU ကနေ 800IU ထိသောက်သုံးပေးလို့ရပါတယ်။
ဒီလောက်ဆို ကိုယ်သိထားသလိုလေး ပြန်မျှဝေပြီးပါပြီ… အကျိုးထူးတာမှန်ပေမယ့် ဆေးဝါးအာနိသင် ထိရောက်ဖို့ …. ကြုံသလိုမဝယ်ဘဲ ကျွမ်းကျင်သူနဲ့တိုင်ပင်လို့ သေချာရွေးချယ်မှာယူပါနော်..
စိတ်ချရမယ့်နေရာဆို အမြဲမှာယူနေကြ .. “Sayy Sine Page” လေးမှာ တိုင်ပင်ဆွေးနွေး မှာယူနိုင်ပါတယ်နော်..
မြန်မာနိုင်ငံ FDA ရရှိထားပြီး စိတ်ချရသော ဆေးတွေကိုသာ ရောင်းချပေးတာဖြစ်ပြီး ..
” Sayy Sine” Page Messenger ( သို့မဟုတ် ) ဖုန်းလေး တချက်ဆက် ဝယ်ယူနိုင်တဲ့အပြင် Website ကတဆင့်ဝယ်ယူရင်လည်း အများဆုံး ၃၀၀၀ ကျပ်ထိ Discount ရမှာမို့ ခုပဲ order တင်လိုက်တော့နော် ..
Aww.. ဒါနဲ့ VITAMIN E မှမဟုတ် .. တခြားဆေးလိုလည်း အကုန်ရှိပါတယ်နော်…
#Sayy_Sine
#ONLINE_PHARMACY