



Collagen ဆိုတာ လှပနုပျိုမှုကို ဖြည့်စည်းပေးနိုင်တယ်ဆိုတာ မမတို့သိပြီးကြပြီမလား။



ဒီနေ့တော့ DHC ရဲ့ Collagen Product တွေဆီက အကျိုးကျေးဇူးတွေနဲ့ ဘာတွေမှာ အထောက်အကူပြုလဲဆိုတာပြောပြပေးမယ်နော်။
1. အသားရည်တင်းရင်းစေမှု 

Collagen က အသားရည်ရဲ့ အတွင်းပိုင်းအလွှာကို ထောက်ပံ့ပေးတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။
အသက်ရွယ်ကြီးလာတာနဲ့အမျှ အသားရည် တင်းရင်းမှုလျော့နည်းလာတာကို ကာကွယ်ပေးပါတယ်။
2. အိုမင်းရင့်ရော်မှုကို ကာကွယ်ခြင်း 

အသက်ကြီးလာတာနဲ့အမျှ Collagen ထုတ်လုပ်မှု လျော့နည်းလာပြီး အသားရည် ခြောက်သွေ့မှု၊ အရေးအကြောင်းတွေ ပေါ်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
DHC Collagen က အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ အသားရည်စိုပြေစေပြီး သစ်ရွက်နုလေးတွေလို အရေးကြောင်း ကင်းပြီး ကြည်လင်နုပျိုတဲ့ အသားရည်ကို ဖြစ်ပေါ်စေမှာပါနော်။
3. အသားရည်စိုပြေမှုမြှင့်တင်ခြင်း 

ရေသောက်နည်းတာ၊ ရေဓာတ်မပြည့်ဝတာ၊ နေပူမိတာ စတာတွေက အသားရည်ကို ရေဓာတ်လျော့နည်းစေပါတယ်။
အခြားနည်းလမ်းတွေနဲ့လဲ ရေဓာတ်ဖြည့်လို့ရပေမယ့် အတွင်းပိုင်းအထိ ရေဓာတ်ပြည့်ဝစေတဲ့ DHC ကတော့ အသားရည်စိုပြေမှုအတွက် အကောင်းဆုံးပါပဲ။
4. ဆဲလ်ပြန်လည်ထိန်းသိမ်းပေးခြင်း 

ဆဲလ်တွေဆိုတာ သစ်ရွက်နုလေးတွေထွက်သလို အမြဲ လဲလှယ်နေတာပါ။
အကြောင်းအမျိုးမျိုးကြောင့် အသစ်ထွက်လာတဲ့ ဆဲလ်လေးတွေက မကောင်းတော့ရင် နုပျိုလှပမှုက အဝေးကိုပြေးသွားပါလိမ့်မယ်။
Collagen သောက်ခြင်းက အသားရည်ဆဲလ်တွေကို ပြန်လည်ပြုပြင်ပြီး အသစ်တွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးပါတယ်။
ဒီအချက်လေးတွေကဂျပန်နိုင်ငံထုတ် DHC ရဲ့ Collagen Product တွေက အသားရည်ကို ဘယ်လိုထောက်ပံ့ပေးတယ်ဆိုတာပါပဲ။




ဒါကြောင့် အသက်အရွယ်မရွေး ရွက်နုလေးတွေကို အမြဲ နုပျိုပြီး ကြည်လင်လှပချင်ရင်တော့ DHC ကိုရွေးချယ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။



DHC က အချစ်လေးတို့ရဲ့ အသားရည်ကို လုံးဝလှပလာစေမှာပါ။